လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်
လှိုင်သာယာ(အရှေ့ပိုင်း)၊ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း၌ ကစင်ကျေးရွာအုပ်စု ဉာဏ်ချောင်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဝင်းမြတ်သူ နှင့် ကျန်းမာရေးဝန်ထမ်းများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး/ ဆယ်အိမ်မှူးများမှ ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျောရောဂါ မပြန့်ပွားစေရန်အတွက် ဆေးတိုက်ကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရေစည်၊ရေအိုးများအားဖုံး/သွန်/လဲ/စစ်/ ပြုလုပ်ခြင်း အသိပညာပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဟန်နီ(ပြန်/ဆက်)

No comments