ဝေါမြို့နယ် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းအမျိုးမျိုးအား ဖျက်ဆီး

 


ဝေါ သြဂုတ် ၂၅

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင်တင်သွင်းလာသည့် အများပြည်သူစားသုံးရန်နှင့် သုံးစွဲရန် မသင့်သည့် ဘေးအန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးရန် မသင့်သောဆေးဝါးအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ကွမ်းစားဆေးအမျိုးမျိုးတို့ကို ယနေ့နံနက်ပိုင်းက ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းအတွင်း၌ ဖျက်ဆီးခြင်းပြုလုပ်သည်။

 

ကြိတ်ချေဖျက်ဆီး

အဆိုပါ ဖျက်ဆီးခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်ပစ္စည်းများ ဖျက်ဆီးဆောင်ရွက်ရေးအဖွဲ့ဖြစ်သည့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူး၊ ပဲခူးတိုင်းဒေသကြီး၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်ရာဟိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေး (စခန်းတာဝန်ခံ)နှင့် တာဝန်ရှိသူများက တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်များ၊ စက်မှုကုန်ကြမ်းများနှင့် မွေးမြူရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ စုစုပေါင်း အမှုတွဲ (၉)မှု၏ ခန့်မှန်းတန်ဖိုးငွေ ငွေကျပ် ၃၆၅၆၈၃၀၀၀ ကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်သွန်စွန့်ပစ်ခြင်း၊ လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.