ဇေယျာသီရိမြို့နယ်၌ သွင်းအားစုပေးအပ်ပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း
မိုးစပါး ဧက ၁၀၀ တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ထွက်ရှိရေး စံပြစိုက်ပျိုးတောင်သူများသို့
သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌
ကျင်းပသည်။
ဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်ဦးက မိုးစပါးစံပြစိုက်တောင်သူများ တစ်ဧကတင်း ၁၀၀
ထွက်ရှိရေးအတွက် ယခုလိုသွင်းအားစုများ ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်းနှင့် စုစုပေါင်း
မိုးစပါး ဧက ၁၀၀ အတွက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တောင်သူများအား
နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ၁၅
ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာ မိုးစပါး ဧက ၁၀၀ အတွက် အိတ် ၅၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments