ကျိုင်းတုံမြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲ ကျင်းပ
ကျိုင်းတုံ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင်
တိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲကို ဩဂုတ် ၂၄ ရက်က နောင်ငင်းကျေးရွာအနီး ဒေသခံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်
ဦးထွန်းနေဦး၏ စိုက်ခင်းငါးဧက၌ ကျင်းပသည်။
စုပေါင်းစိုက်ပျိုး
တိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက
စိုက်ပျိုးမည့် တိရစ္ဆာန်အစာပင်မျိုး မွန်ဘားဆားမြက်များကို စိုက်ပျိုးမွေးမြူရေးတောင်သူများထံ
ပေးအပ်ပြီး ဒေသခံ ပြည်သူများနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများက တိရစ္ဆာန်အစာပင်
မွန်ဘားဆားမြက်မျိုးများ စုပေါင်းစိုက်ပျိုးကြသည်။
နွေရာသီ တိရစ္ဆာန်အစာရှားပါးသည့်အချိန်တွင်
ကျွဲ၊ နွား တိရစ္ဆာန်များ အစာအာဟာရ လုံလောက်စေရန်၊ လွှတ်ကျောင်းမွေးမြူရေး စနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ပြောင်းလဲပြီး
အာဟာရဓာတ် ပြည့်ဝစွာပါဝင်သည့် မြက်မျိုးများ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွား၊
တိရစ္ဆာန်များ ကြီးထွားမှုမြန်ဆန်ပြီး မွေးမြူရေးလုပ်ငန်းထုတ်လုပ်မှု ကောင်းမွန်စွာရရှိစေရန်၊
မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် မွန်ဘားဆားမြက် စိုက်ပျိုးခြင်းဖြစ်ကြောင်း
သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)

No comments