ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

 


ဖျာပုံ သြဂုတ်   ၂၅

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်သူများ အခြေခံစားသောက် ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်၍ သြဂုတ် ၂၃ ရက် မွန်းလွဲပိုင်းက ဖျာပုံမြို့ အမှတ်(၁၉) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။

 

ထိုသို့ ရောင်းချပေးရာတွင် ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင် သော ပူးပေါင်းအဖွဲ့က ဖျာပုံမြို့ အမှတ် (၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်လျှင်ငွေကျပ် ၃၀၀၀၊ စားအုန်းဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၃၉၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေး လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.