ပုသိမ်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ
ပုသိမ် ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆန်၊ ဆီ၊ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ဩဂုတ် ၂၄ ရက်က ရွှေစေတီလမ်းထောင့်၌ ဆောင်ရွက်သည်။
အဆိုပါရောင်းချပေးမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးကျော်စိုးအောင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ နေ့စဉ်လိုအပ်လျက်ရှိသော ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀၊ စားအုန်းဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၄၀၀၀၊ ဘဲဥတစ်လုံးလျှင် ငွေကျပ် ၄၅၀ နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၅၀ တို့ဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူ အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)

No comments