မြန်မာအီလက်ထရောနစ်မဲပေးစက် ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းဖွင့်


မန္တလေး ဩဂုတ် ၂၅


မြန်မာအီလက်ထရောနစ်မဲပေး စက် (MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းကို ဩဂုတ် ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးရှိ ဝန်ထမ်းများအား အီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်၊ မဲပေးစက် စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင်စဉ်ဆက်မပြတ် ဆောင်ရွက် သွားနိုင်ရန်နှင့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျွမ်းကျင်သော ဝန်ထမ်းများ ရရှိစေရန် ရည်ရွယ်၍ ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ ဆင့်ပွားသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)

No comments

Powered by Blogger.