(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၃၁
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။
(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲမှ မျက်လှည့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အဖွဲ့လေးဖွဲ့က သိပ္ပံဆိုင်ရာ သဘောတရားများနှင့် လက်လှည့် ပညာများကိုအသုံးပြု၍ ပရိသတ်၏ အမြင်နှင့်အာရုံကို လှည့်စားကာ လေ့ကျင့်မှု၊ နည်းပညာများဖြင့် ပေါင်းစပ်ကာ တစ်ဦးချင်း အနီးကပ် ပြကွက်၊ စင်တင်အလတ်စားနှင့် အကြီးစားပြကွက်များကို အားပါး တရ ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments