ညောင်ရွှေမြို့နယ် မှော်ဘီကျောင်းကုန်းကျေးရွာ၌ လျှပ်စစ်မီးစတင်ရရှိ

 


ညောင်ရွှေ သြဂုတ် ၃၁

 

ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု မှော်ဘီကျောင်းကုန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါဖွင့်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လျှပ်စစ်မိန်းခလုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအပြီးတွင် မှော်ဘီအခြေခံပညာအထက်တန်းကျောင်း(ခွဲ) RCC နှစ်ထပ် တိုးချဲ့ဆောင် ဆောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.