ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်အန္တရာယ် သတိပေးစာစောင်များဖြန့်ဝေ

 


ကန်ကြီးထောင့် ဩဂုတ် ၃၁

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ အများပြည်သူများအား အသိပညာဗဟုသုတများ ရရှိစေရန် လျှပ်စစ်အန္တရာယ် သတိပေးစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက မြို့မ ဈေးသစ်ကြီးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအားလည်း‌ကောင်း၊ အများပြည်သူ စည်ကားသည့် လမ်းဆုံ၊ လမ်းခွများတွင်လည်းကောင်း လျှပ်စစ်အန္တရာယ် သတိပေးစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.