ရွှေတောင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး
ရွှေတောင် ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းသို့ မြစ်ရေ ဝင်ရောက်လျက်ရှိရာ ရေဘေးသင့် အိမ်ထောင်စုများအား ယာယီ ကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးသည်။
ထိုသို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ရန်လိုအပ်သည့် ပြည်သူများအတွက် ယွန်းတန်းရပ်ကွက် ချမ်းသာကြီးဘုရား၊ သရက်တော ရပ်ကွက် ရွှေဂူကြီးဘုရားဝင်း၊ ကြာနီကန်ရပ်ကွက် သာသနာ့ ဗိမာန်၊ မင်းတဲကျွန်းအုပ်စု လေးဆူ ဘုရားဝင်းတို့တွင် ယာယီကယ်ဆယ်ရေးစခန်း ခြောက်ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၁၉၈ စု၊ လူဦးရေ ၇၆၉ ဦးတို့အား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် တာဝန်ရှိသူများက ကူညီပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)

No comments