တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ
ရန်ကုန် ဩဂုတ် ၁၇
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး
(တတိယနေ့) ကို ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌
ကျင်းပရာ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိသည့် အနက် ၁၀၅ ဦး တက်ရောက်ခဲ့သည်။
ဆောင်ရွက်
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ကိုးဦးက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းကိုးခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်
အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နောက်ထပ်
ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး လျာထားချက်နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခြင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊
လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုရေးရာကော်မတီက ရန်ကုန်တိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှု
လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို မွန်းလွဲ
၁ နာရီ ၅၇ မိနစ်တွင် ရပ်နားကြောင်းကြေညာသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments