ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ

 



ရန်ကုန် ဩဂုတ် ၂၀


တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ အမျိုးသားစီမံခန့်ခွဲမှု နည်းပညာ ဒီဂရီကောလိပ်၊ သတင်းအတတ်ပညာဌာနမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၇၄ ဦးတို့ လာရောက်လေ့လာကြသည်။ 


အဆိုပါလေ့လာသူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် လွှတ်တော်အစည်းအဝေး ကျင်းပနေမှုကို လေ့လာခဲ့သည်။  ယင်းနောက် လေ့လာသူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး နဝရတ်ခန်းမတွင် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြား၍ လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လွှတ်တော်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။​


အောင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.