ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားသူ ၆၀၀၀ ကျော်ရှိကာ ၂၉၁၁ ဦး သေဆုံး

 


ကင်ရှာဆာ  ဩဂုတ်  ၃၁

ကွန်ဂိုဒီမိုကရက်တစ်  သမ္မတနိုင်ငံ၌   အီဘိုလာရောဂါဖြစ်ပွားသူ ၆၀၀၀   ကျော်ရှိရာ  သေဆုံးသူ ၃၀၀၀  နီးပါးရှိကြောင်း   ဩဂုတ် ၃၁   ရက်တွင်   ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များ အရ သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင် အီဘိုလာရောဂါဖြစ်ပွားသူ ၆၀၄၁ ဦးရှိကာ  သေဆုံးသူ   ၂၉၁၁  ဦးရှိသဖြင့်  ရောဂါဖြစ်ပွားသူများအနက် သေဆုံးမှုနှုန်းမှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း  ဒေသတွင်းအာဏာပိုင်များက ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ စုစုပေါင်းလူနာ  ၁၃၆၆  ဦးမှာ ပြန်လည်ကျန်းမာလာကြပြီဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.