တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ



မုံရွာ ဩဂုတ် ၃၁


တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လွှတ်တော်အဆောက်အအုံရှိ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဖြေကြား


အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြထားသည့်မေးခွန်း ၁၀ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးများက ဖြေကြားကြသည်။


ထို့နောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး လေရှီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဒေါ်ဆန်းစစ်ရှီးက ကော်မတီ၏ “လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” ကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူသည့်အတွက် လွှတ်တော် ဥက္ကဋ္ဌက မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။


ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ ရပ်နားကြောင်းနှင့် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.