အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း သစ်တောနှင့်မြေယာ မီးလောင်မှုဖြစ်နိုင်သည့်နေရာများ လျော့ကျလာသော်လည်း မီးဘေးအန္တရာယ် ဆက်လက်ရှိနေ
ဂျကာတာ ဩဂုတ် ၃၁
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း သစ်တောနှင့်မြေယာ မီးလောင်ကျွမ်းမှုဖြစ်နိုင်သည့်နေရာများ လျော့ကျလာသော်လည်း မီးဘေးအန္တရာယ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းနှင့်
အထူးသဖြင့် ကလီမန်တန်နှင့် ဆူမားတြားဒေသများတွင် မီးငြှိမ်းသတ်ရေးနှင့် မီးလောင်ကျွမ်းမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို
အာဏာပိုင်များက အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောရေးရာဝန်ကြီးဌာနက
ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
သစ်တောရေးရာဝန်ကြီး
ရာဂျာဂျူလီအန်တိုနီက မြေယာမီးလောင်ကျွမ်းမှုဖြစ်နိုင်သည့်နေရာ အရေအတွက် လျော့ကျလာခြင်းသည်
မီးဘေးအန္တရာယ်လုံးဝကင်းစင်သွားပြီဟု မဆိုလိုကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments