သဲကုန်းမြို့နယ်တွင် ၂၀၂၆ ဘဏ္ဍာနှစ်၌ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးပြီးစီး




သဲကုန်း သြဂုတ် ၂၅


နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ်၌မိုးစပါး(၈၂၆၁၀) ဧကစိုက်ပျိုးသွားရန်လျာထား လျက်ရှိပြီး ယခုအခါ ရာနှုန်းပြည့်စိုက်ပျိုး ပြီးစီးပြီဖြစ်သည်။


သဲကုန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ ကြီးကြပ်၍ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းများဖြင့် YSR-1(၅၄၀)ဧက၊ YAR 14(၂)ဧက၊ ထိုင်းနှံကောက်(၁၁၆၂၂)ဧက၊ မှော်ဘီ-၂(၁၁၀၀၆)ဧက၊ ရက် ၉၀(၁၁၂၄၃)ဧက၊ ရတနာတိုး(၂၈၁၇၄)ဧက၊ အင်းမရဲဘော်(၈၄၆၃)ဧက၊ ဗီယက်နမ်(၁၁၅၆၀)ဧကစုစုပေါင်း မိုးစပါး (၈၂၆၁၀) ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း သိရှိရသည်။


ကိုကျော် (သဲကုန်း)

No comments

Powered by Blogger.