ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင် အလှူရှင်များ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း
ရန်ကုန် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင် အလှူရှင်များက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၅၀၀ ကို သွားရောက် လှူဒါန်းသည်။
လှူဒါန်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ဆန်အိတ် များ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဆန်အိတ် ၅၀၀ ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စေတနာရှင် အလှူရှင်များသည် ဧရာဝတီတိုင်းဒေသကြီးမှ အပြန်လမ်းတစ်လျှောက်ရှိ ရေဘေး ရှောင်နေရာသို့ သွားရောက်၍ အလှူငွေများ ထောက်ပံ့လှူဒါန်း ခဲ့ကြသည်။
အဆိုပါခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ကော်မတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့နှင့် လူမှုရေးရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ လိုက်ပါခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments