ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ပခုက္ကူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး ပခုက္ကူ ပညာရေး
ဒီဂရီကောလိပ်၌ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက
တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့်
တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ပခုက္ကူပညာရေး ဒီဂရီကောလိပ်၌
ကံ့ကော်နှစ်ထပ်ဆောင် ဆေးသုတ်ခြင်း၊ မြဟေမာ အမျိုးသားအိပ်ဆောင် အမိုး အသစ်လဲခြင်း၊ စားသောက်ဆောင်
ဆေးသုတ်ခြင်းနှင့် စားသောက် ဆောင်မျက်နှာကြက် ပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ဆက်လက် ဆောင်ရွက်ရမည့်
လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
ဘာမီသာ(ပခုက္ကူ)

No comments