သာကေတမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
ရန်ကုန် သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌
ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၂၆ ရက်က သာကေတမြို့နယ် (၈)ရပ်ကွက်
သဒ္ဓမ္မဝေပုလ္လဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အေးမြမြကြိုင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကို ဦးဆောင်ဆွေးနွေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်
ဦးထွန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး
ဦးအောင်ကျော်လွင်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးညွန့်ဝင်းတို့က တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာရေးနှင့်
လျှပ်စစ်မီးရရှိရေးတို့ကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments