မင်္ဂလာတောင်ညွန့်မြို့နယ် အောင်သ​ပြေရောင်းဝယ်ရေးအသင်း အရပ်ရပ်ဆိုင်ရာ စည်းဝေး

 


ရန်ကုန် ဩဂုတ် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် အောင်သပြေရောင်းဝယ်ရေးအသင်း၏ ၂၀၂၅-၂၀၂၆ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို သြဂုတ် ၂၆ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် သပြေကုန်းရပ်ကွက် အောင်သပြေရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးလှမျိုးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အစီရင်ခံစာနှင့် အသင်းသား စာရင်းစစ်အစီရင်ခံစာများကို အမှုဆောင်တစ်ဦးက ဖတ်ကြားအတည်ပြုသည်။

 

ဆက်လက်၍ အမှုဆောင်ငါးဦးနှင့် အသင်းသားစာရင်း စစ်နှစ်ဦးတို့ကို ရွေးချယ်ကာ တက်ရောက်သူ အသင်းသားများအား အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

No comments

Powered by Blogger.