ကော့သောင်းမြို့၌ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


ကော့သောင်း  ဩဂုတ်  ၃၀

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့  ပူးပေါင်းကျင်းပသော မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆု‌‌ပေးပွဲကို ယနေ့ညနေပိုင်းက ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ()မိုင်  ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

ဦးစွာ အလက(ခွဲ)ချမ်းဖန်းအသင်းနှင့် မူလွန်အောင်သုခအသင်းတို့က ဗိုလ်လုပွဲပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ ပထမပိုင်းတွင် အလက(ခွဲ) ချမ်းဖန်းအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပွဲစဉ်အပြီးတွင်   အလက (ခွဲ)ချမ်းဖန်းက  မူလွန်အောင်သုခအသင်းကို  လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက်  အသက်(၁၄)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးပါသော   အလှူရှင်များအား ကော့သောင်းမြို့   ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ပညာရေးဌာနမှ ဘောလုံးအဖွဲ့ချုပ်ထံ   ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဒုတိယဆုရရှိသော  မူလွန်အောင်သုခအသင်း ကစားသမားများအား လည်ဆွဲဆု၊ ဂုဏ်ပြုဆုဖလားများနှင့် ဆုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးက ပထမဆုရရှိသော အလက(ခွဲ)ချမ်းဖန်းအသင်းမှ ကစားသမားများအား  လည်ဆွဲဆု၊  တံခွန်စိုက်ဆုဖလားနှင့် ဂု‌‌ဏ်ပြုဆုငွေများ  ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.