ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးရေး ဓာတ်မြေသြဇာကြဲပက်သရုပ်ပြ



ဒေးဒရဲ သြဂုတ် ၃၀


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ယူရီးယား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ကုန်းတန်းကလေး ကျေးရွာတောင်သူ ဦးထွန်းထွန်း ၏ လယ်မြေ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးက မိုးစပါးအထွက်နှုန်း တိုးတက်ရေး နည်းပညာပေး အချက်အလက်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး မိုးစပါးအထွက်နှုန်း တိုးစေရေး ယူရီးယား ဓာတ်မြေသြဇာများ စုပေါင်းကြဲပက်ခဲ့ကြောင်း သိရသည်။


အေဇာလင်း

No comments

Powered by Blogger.