သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်ထောင်စု ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် အစည်းအဝေးကျင်းပ



ရန်ကုန်  သြဂုတ်  ၁၆

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စု ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ကြီးပွားရေးရပ်ကွက် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ၁နာရီက ကျင်းပသည်။


အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးမင်းလွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက အမှုဆောင်သစ်ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အတွင်းရေးမှူး ဦးကျော်လွင်က  အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား ရှင်းလင်းသည်။ ဆက်လက်ပြီး အသင်းသားများ၏ အတည်ပြုချက်ဖြင့်   အမှုဆောင်သစ် ငါးဦးအား ရွေးချယ်ပြီး အသင်းသားများအား အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.