မုံရွာခရိုင်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်

 


မုံရွာ ဩဂုတ် ၁၂

 

မုံရွာခရိုင်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလှိုင်က အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မေနှင့် မုံရွာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

သင်တန်းကို မုံရွာခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး သင်တန်းနည်းပြ နှစ်ဦးဖြင့် ဩဂုတ် ၁၁ ရက်မှ ၁၉ ရက်အထိ ခုနစ်ရက်ကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)

No comments

Powered by Blogger.