အိန္ဒိယနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၉၄ ဦးအထိ မြင့်တက်လာ
ဩဂုတ်
၇
အိန္ဒိယနိုင်ငံ
အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ ၉၄ ဦးအထိ
မြင့်တက်လာပြီး လူ ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
အာသံပြည်နယ်
ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါ ဆာမာ၏ ပြောကြားချက်အရ ခရိုင် ၂၅ ခုရှိ ရွာပေါင်း ၂၄၅၉ ရွာတွင်
ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၁၇၂၅၀၄ ဦး ထိခိုက်ခဲ့သည်ဟု သိရသည်။
အာဏာပိုင်များက
ကယ်ဆယ်ရေးစခန်း ၂၂၇ ခုကို ဖွင့်လှစ်ထားရာ လူပေါင်း ၇၅၇၁၀ ဦး ခိုလှုံနေထိုင်လျက်ရှိပြီး
ရေဘေးသင့်ခရိုင်များတွင် ကယ်ဆယ်ရေးစခန်း ၁၉၀၁ ခု ဖွင့်လှစ်ထားသည်ဟု သိရသည်။
ရေကြီးရေလျှံမှုကြောင့်
လူနေအိမ် ၃၉၇၁ လုံး ပျက်စီးခဲ့ပြီး အခြားအိမ် ၁၃၅၃၅ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း
ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မုတ်သုံရာသီအတွင်း
အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments