ပြည်ကြီးတံခွန်မြို့နယ်၌ ဖီးကြမ်းငှက်ပျောပင်စိုက်ပျိုးပွဲ ကျင်းပ

 


မန္တလေး ဩဂုတ် ၁၁


မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်းရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကလေးငယ်များ အာဟာရပြည့်ဝရေး ငှက်ပျော စိုက်ပျိုးရေး စီမံချက်အဖြစ် ဖီးကြမ်းငှက်ပျောပင်များ စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပသည်။


ဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ညွန့် ကျော်တို့က စိုက်ပျိုးမည့် ငှက်ပျောပင်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ပေးအပ်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က ဖီးကြမ်း ငှက်ပျောပင်အား ဦးဆောင် စိုက်ပျိုးသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဖီးကြမ်း ငှက်ပျောပင် ၁၀၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)

No comments

Powered by Blogger.