မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ (အမျိုးသား)အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မိုးကုတ် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်
အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အားကစားကွင်း၌
ပြုလုပ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၂
ရက်မှ ၂၄ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၂၀ တို့က ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင်
ကိစ္စကုတ်အသင်းနှင့် မင်းတံတားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲပြီးဆုံးချိန်အထိ သရေရလဒ်ဖြင့်
ပြီးဆုံးခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကိစ္စကုတ်အသင်းက မင်းတံတားအသင်းကို လေးဂိုး
- သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ
အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပါပါလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ (ခေတ္တ)ဥက္ကဋ္ဌ ရဲမှူး တင့်လွင့်ဌေးနှင့် တာဝန်ရှိသူများက တတိယဆု၊
ဒုတိယဆု၊ ပထမဆုနှင့် အကောင်းဆုံး ကစားသမားဆု ရရှိသူတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများနှင့်
ဒိုင်းဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းလှမြင့်သိန်း(ပြန်/ဆက်)

No comments