ကြံခင်းမြို့၌ ဆန်၊ ကြက်ဥ၊ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချ

 



ကြံခင်း    ဩဂုတ်  ၂၅


ဧရာဝတီတိုင်းဒေသကြီး  ကြံခင်းမြို့ ဈေးတာဝန်ခံရုံးရှေ့တွင် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့နံနက်ပိုင်းက အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။


ရောင်းချပေး


ထိုသို့ရောင်းချရာတွင် မြို့နယ် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့နှင့် စားအုန်းဆီ လက်လီ/လက်ကား၊ ဆန်နှင့် မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ စားအုန်းဆီ၊ ပေါ်ဆန်း ဆန်၊  ကြက်ဥ၊ အမဲသားတို့ကို တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်၊ ကြက်ဥငါးလုံးနှင့် အမဲသားများကို  စားသုံးသူများ လက်ဝယ်အရောက် ဈေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.