ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးအဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်လျက်ရှိ
ဖလမ်း ဩဂုတ် ၁၉
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်
ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖလမ်းမြိုရှိ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်
ဌာနဆိုင်ရာရုံး အဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ရန်ပုံငွေဖြင့်
ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်ကျော်စွာဦးသည် ယနေ့နံနက်ပိုင်းက ဖလမ်းမြို့ အမှတ်(၂) အခြေခံပညာမူလ တန်းကျောင်း
ပြုပြင်ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ဖလမ်းခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်နေမှု၊
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင် နီယာရုံးပြုပြင်နေမှုကို
ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ကလည်း ဖလမ်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ရာ
သုံးထပ်အဆောက်အအုံ ပြန်လည်ပြုပြင်မှု၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနရုံးနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရုံး
မျက်နှာကြက်ပြုပြင်မှု၊ ပြတင်းတံခါးများ တပ်ဆင်ပြီးစီးမှုနှင့် နံရံများအား အချောသပ်
ဆေးသုတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဖလမ်းမြို့ကို တပ်မတော်က အလုံးစုံထိန်းချုပ်ပြီးသည့်
၂၀၂၆ ခုနှစ် မေ ၆ ရက်မှစတင်ကာ ဒေသခံပြည်သူများသည် ဖလမ်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့
ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ချင်းပြည်နယ်အတွင်း
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်မှုများကြောင့်
ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်သည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့်
ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တီးတိန်မြို့နယ်
ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ နယ်စပ်ဒေသ
တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားအိပ်ဆောင် ပျက်စီးမှုအပေါ်
ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စားရိပ်သာနှင့် စားဖိုဆောင် ပြန်လည်ပြင်ဆင်နေမှုနှင့်
တီးတိန်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်များ ပျက်စီးနေမှုများအပေါ်
ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့်
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးပြုပြင်မှု၊
Cyclone Shelter ပြုပြင်မှုနှင့် ဆေးရုံပြုပြင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments