လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆေးဝါး၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
ပုသိမ် ဩဂုတ် ၁၂
ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် အဖွဲ့လေးဖွဲ့ခွဲ၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ယမန်နေ့နံနက်က လေးမျက်နှာမြို့နယ်အတွင်းရှိ ထူပါရုံဘုရားရေရှောင်စခန်း၊ ချမ်းသားကြီးဘုရား ရေရှောင်စခန်း၊ ခမောက်စုအုပ်စု အသောကရာမကျောင်း ရေရှောင်စခန်း၊ ဖိုးသာညိုရိုးကျေးရွာနှင့် ကိုးနဝင်းကျောင်း ရေရှောင်စခန်းများသို့ သွားရောက်ခဲ့ကြသည်။
ထိုကဲ့သို့ သွားရောက်ရာတွင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးများ၊ သောက်သုံးရေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြပြီး ရေရှောင်စခန်းများတွင် ခေတ္တနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။
အဆိုပါ ကူညီထောက်ပံ့လှူဒါန်းမှုများသည် ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေဘေးကာလအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments