အမရပူရမြို့နယ်၌ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုပေးအပ်




မန္တလေး ဩဂုတ် ၂၅


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစု လီမိတက်တို့ ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် သမဝါယမအသင်းသား တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို သာလှအေးကျေးရွာနှင့် ဘောဘုံကျေးရွာတို့၌  ဩဂုတ် ၂၃ ရက်က ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်လေးက သမဝါယမ အသင်းသားများအား မိုးစပါးစီမံ ကိန်းအတွက် အရင်းမပျောက် မတည်ငွေဖြင့် သွင်းအားစုများ ပံ့ပိုးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


ပေးအပ်


ထို့နောက် သာလှအေးကျေးရွာ သာလှအေးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်၏ အသင်းသား တောင်သူ ၁၃ ဦး၏ စိုက်ပျိုးဧက ၅၀ နှင့် ဘောဘုံကျေးရွာ အောင်မြင့်မြတ် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်၏ အသင်းသားတောင်သူ ၁၃ ဦး၏ စိုက်ပျိုးဧက ၅၀ တို့အတွက် တစ်ဧကလျှင် ငွေကျပ်၂၅၀၀၀၀ နှုန်းဖြင့် သွင်းအားစု ပံ့ပိုးငွေကျပ် ၂၅၀၀၀၀၀၀ နှင့် သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


လဲ့လဲ့ခိုင် (အမရပူရ)

No comments

Powered by Blogger.