ရေတာရှည်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


ရေတာရှည် ဩဂုတ် ၂၅

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ U-14 ဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

 

ဦးစွာ ရေတာရှည်(အရှေ့) ဘောလုံးအသင်းနှင့် ဆွာဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ဆွာဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

 

ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူးက အကောင်းဆုံး အားကစားသမားများနှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများ ဆုချီးမြှင့်ပေးပြီး ပထမဆုရရှိသည့် ဆွာဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယဆုရရှိသည့် ရေတာရှည် (အရှေ့)ဘောလုံး အသင်းသားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.