ပေါင်းတည်၌ တောင်သူများစမ်းသပ်စိုက်ပျိုးထားသည့် တောင်ပျံမွှေးမိုးစပါးများ ဖြစ်ထွန်းအောင်မြင်



ပေါင်းတည် ဩဂုတ် ၂၄

 

ပဲခူးတိုင်း‌ဒေသကြီး ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးစပါးရာသီ၌ ယခင်စိုက်ပျိုးလေ့ရှိသည့် အထွက်ကောင်းစပါးမျိုးများအပြင် ယခုနှစ်တွင် တောင်ပျံမွှေးစပါးမျိုးကို စမ်းသပ်စိုက်ပျိုးလာသည့် တောင်သူများလည်းရှိကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာ မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့၏ အားပေးကူညီမှုဖြင့် ကြူတောကန်ကျေးရွာအုပ်စု နတ်ပုတီးကျေးရွာ တောင်သူ ဦးအုန်းကျော်နှင့် တောင်သူ ၁၇ ဦးတို့က စုစုပေါင်းဧက ၅၀ စိုက်ပျိုးထားပြီး ယခုအခါ သက်တမ်း ၅၂ ရက်ရှိကာ ဖြစ်ထွန်းအောင်မြင်‌နေပြီ ဖြစ်သည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးသန့်ဌာနခွဲတို့ထံမှ ထိုတောင်ပျံမွှေးမျိုးစပါးများ၊ စိုက်နည်းစနစ်များ၊ စိုက်ပျိုးရေး အသိပညာများနှင့် ပတ်သက်၍ ကူညီပံ့ပိုးမှုများ ရရှိခဲ့ကြကြောင်း သိရသည်။

 

ရွှေသား(IPRD)

No comments

Powered by Blogger.