တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးလျာထားဧက(၉၇၇၇၅)အနက် (၆၈၃၆၄)ဧကစိုက်ပျိုးပြီးစီး
တောင်တွင်းကြီး
ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊
တောင်တွင်းကြီး မြို့နယ်တွင် သီးနှံမျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ
ယခုနှစ်မိုးရာသီးတွင် မိုးစပါးလျာထားစိုက်ဧက(၉၇၇၇၅)အနက် ယနေ့အထိ(၆၈၃၆၄)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယခင်နှစ်မိုးရာသီ မိုးစပါးကို လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် စပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားများကင်းစင်ရေး၊ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့်ပိုးပြေးဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)

No comments