မရမ်းကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းကျန်းမာရေး အာဟာရကျွေးမွေး
ရန်ကုန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ
အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းကျန်းမာရေး အာဟာရကျွေးမွေးခြင်းကို
ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်
အမက(၉)တွင် ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏
ဦးဆောင်မှုဖြင့် ကျောင်းမုန့်ဈေးတန်းများကို ကျန်းမာရေးနှင့် ညီညွတ်စေရန် စစ်ဆေးကြည့်ရှုခြင်း၊
ကျောင်းသား ကျောင်းသူများအား စနစ်မှန် သွားတိုက်နည်း၊ လက်ဆေးနည်းများကို လက်တွေ့သရုပ်ပြ
သင်ကြားခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းတွင်း ကျန်းမာရေး
အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း

No comments