ပခုက္ကူမြို့၌ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ခုနစ်ခုဖွင့်လှစ်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် အရေးပေါ်ထောက်ပံ့ပစ္စည်းများ စီစဉ်ပေးလျက်ရှိ
ပခုက္ကူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ဧရာဝတီမြစ်ရေသည်
စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၊
ကျေးရွာများရှိ လူနေအိမ်များတွင် ရေဝင်ရောက်လျက်ရှိရာ ရေဘေးသင့် ပြည်သူများအတွက် ရေဘေးရှောင်
ကယ်ဆယ်ရေး စခန်းနေရာ ခုနစ်ခု ဖွင့်လှစ်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့်
အရေးပေါ်ထောက်ပံ့ပစ္စည်းများ စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ပခုက္ကူမြို့တွင် ဧရာတီမြစ်ရေ စိုးရိမ်ရေမှတ်ထက်
ကျော်လွန် ရောက်ရှိနေဆဲဖြစ်ရာ ရေဝင်ရောက်သည့် လူနေအိမ် များပြားလာခြင်းကြောင့် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးလှဝင်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်
မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်းပြီး ကျောက်စေတီ ဘုရားဝင်း၊ အမက(၁၅)နှင့် အမက(၁၆)၊
သီဟိုဠ်ရှင် ဘုရားတန်ဆောင်းနှင့် သီဟိုဠ်ရှင် ကဇာတ်ရုံခန်းမ၊ သဘာဝဘေးဒဏ်ခံ အဆောက်အအုံ၊
လောကမာရ်ကင်း ဘုရားဝင်းစသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ခုနစ်နေရာ ဖွင့်လှစ်ထားပြီး
အမှတ်(၁၊ ၉၊ ၁၀၊ ၁၃၊ ၁၄)ရပ်ကွက်များနှင့် ရွှေချောင်းကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု
၃၅၂ စု၊ လူဦးရေ ၁၃၆၁ ဦးတို့အား ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း
ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုများအလိုက် အရေးပေါ်သုံး ထောက်ပံ့ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့်
အခြေခံစားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)

No comments