နတ်မောက်မြို့နယ်တွင်မိုးစပါးစိုက်ပျိုးဧက( ၂၄၉၉၉)လျာထားပြီးဧက( ၁၇၂၆၃)စိုက်ပျိုးပြီးစီး




နတ်မောက်    သြဂုတ် ၁၇


မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေး အတွက်၂၀၂၆ ခု နှစ်အတွင်လျာထားဧက( ၂၄၉၉၉)စိုက်ပျိုးရန်လျာထားပြီးယနေ့အထိမိုးစပါးစိုက်ပျိုး ပြီးဧက

(၁၇၂၆၃)စိုက်ပျိုးပြီးစီး၍ ဒေသတွင်းရိက္ခာဖူလုံစေရေးအတွက် တောင်သူများကဆက်လက် စိုက်ပျိုးလျက် ရှိကြောင်းသိရသည်။

           

နတ်မောက်မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ၌စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်မိုးစပါးဧကထက်စိုက်ပျိုးနိုင် ကြောင်းနတ်မောက်မြို့နယ်တွင် စပါးတစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အောင်နိုင်တိုး စပါးအထူးထွက်နှုန်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ အစိုးရဆည်ရေ သောက်ဧရိယာအတွင်း အောင်နိုင်တိုးစပါးမျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ပ/လက်ခုပ်ပင်ကျေး ရွာအုပ်စု၊ပ/ဂွေးချိုအုပ်စုနှင့် ရွှေပန်တောကျေးရွာအုပ်စုတို့တွင် တောင်သူ(၃၂)ဦးအတွက်အောင်နိုင် တိုးစပါးမျိုးတင်း( ၆၀)စိုက်ပျိုးနိုင်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


လှဝင်း

No comments

Powered by Blogger.