မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၇၉)ကျောင်းယာယီပိတ်ထား
မိုးညို ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးမြေနိမ့်ပိုင်းကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းများအတွင်း မြစ်ရေများဝင်ရောက်ခဲ့ သဖြင့် စာသင်ကျောင်း (၇၉) ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု(၂၉)အုပ်စု၊ ကျေးရွာ(၇၆)ရွာတို့ရှိ အခြေခံ ပညာမူလတန်းကျောင်း (၄၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂၆)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(၈)ကျောင်း၊ စုစုပေါင်း(၇၉)ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထား မည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယာယီပိတ်ထား ရသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ စာသင်ချိန် သင်ခန်းစာများနောက်မကျစေရေး ကျောင်းပြန်လည် ဖွင့်ချိန်တွင် စာသင်ရက်များအစားထိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုမင်း(ပြန်/ဆက်)

No comments