ကျိုက်ထိုမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

 


ကျိုက်ထို ဩဂုတ် ၁၇

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ လောင်းကစားမှု လျော့နည်းပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်က လောင်းကစားမှုနှင့် ပတ်သက်သည့်ဥပဒေများအကြောင်း ဆွေးနွေးပြောကြားသည်။

 

အဆိုပါဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.