ဒေါပုံမြို့နယ်၌ ယမုံနာ(၁) ရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ

 



ဒေါပုံ ဩဂုတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၌ ယမုံနာ(၁)ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ဩဂုတ် ၁၆ ရက်တွင် အာသောကရာမဘုန်းကြီးကျောင်း၌ ကျင်းပသည်။

 

 အစည်းအဝေးတွင် ယမုံနာ(၁)ရောင်း၀ယ်ရေးအသင်းဥက္ကဋ္ဌက အသင်း၏ လုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ ပြောကြားပြီး အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူသည်။

 

ထို့နောက် အမှုဆောင်သစ်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းသိမ့်သိမ့်ဖြိုးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သမဝါယမအသင်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှုဆောင်အဖွဲ့ဝင်သုံးဦးနှင့် အသင်းသားစာရင်းစစ်နှစ်ဦးတို့ကို အမှုဆောင်သစ်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။  

ချစ်စုဝေ(ပြန်/ဆက်)

No comments

Powered by Blogger.