တပ်ကုန်းမြို့၌ သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်း၊ အမှုဆောင်ရွေးချယ်ပွဲကျင်းပ

 


တပ်ကုန်း ဩဂုတ် ၁၇

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပညာရေး ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်း၊ အမှုဆောင်ရွေးချယ်ပွဲကို ဩဂုတ် ၁၆ ရက်တွင် မြဝတီရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ပညာရေးငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ပညာရေး(ငြိမ်း) ဆရာကြီးဦးခင်မောင်လွင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အသင်းသား အသင်းသူများ၏ သားသမီးများအား ဂုဏ်ပြုလွှာနှင့်ချီးမြှင့်ငွေများ ပေးအပ်ပြီး ပညာရေးငွေစု ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

No comments

Powered by Blogger.