ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး

 


ရန်ကုန် ဩဂုတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျေးရွာနေပြည်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ညောင်ကျေးရွာအုပ်စုနှင့် ဒိုင်စုကျေးရွာ ဓမ္မပါလဓမ္မာရုံ၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အမှာစကား ပြောကြားပြီး ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်နွယ်နွယ်စိုးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ရောဂါလက္ခဏာများ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး နည်းလမ်းများကို အသိပညာ‌ပေးဟော‌ပြောသည်။ ထို့နောက် တက်ရောက်လာသော ကျေးရွာနေပြည်သူများထံသို့ သောက်သုံးရေ သန့်ရှင်းစင်ကြယ်စေရန်အတွက် ကျန်းမာရေးဦးစီးဌာနက ထောက်ပံ့သော ရေသန့်ဆေးပြား (Aquatabs 67mg) များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.