မိုင်းရယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၏ လျာထားချက်များ ရှင်းလင်းဆွေးနွေး
မိုင်းရယ် ဩဂုတ် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ၏ ကာလတို၊ ကာလလတ်၊
ကာလရှည် လျာထားချက်များ ရေးဆွဲနိုင်ရန်အတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဝင်များ၊
စီမံကိန်းကျေးရွာများအား စီမံကိန်းလျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို
ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းအောင်ညွန့်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစိုးမင်းအောင်တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက မိုင်းရယ်မြို့နယ်မှ ၂၀၂၆ - ၂၀၂၇ ဆောင်ရွက်မည့်
လုပ်ငန်းများ ချပြရှင်းလင်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများ (ကာလတို၊ ကာလလတ်၊
ကာလရှည်) လျာထားရေးဆွဲထားရှိမှုကို ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းစီမံချက်များ အတည်ပြုဆောင်ရွက်ပြီးမှု
တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments