တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆင်စခန်းများ၌ ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
ညောင်ဦး ဩဂုတ် ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ
ဆင်စခန်း ၂၀ တို့တွင် ဆင်စာကျွေးခြင်းဖြင့် ယနေ့ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အခမ်းအနားကို
ကျင်းပပြီး ဆင်စာအဖြစ် နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊
ကြံ၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူး စသည်တို့ကို ကျွေးမွေးခဲ့ကြကြောင်း
သိရသည်။
ကမ္ဘာ့ဆင်များနေ့ကို ကမ္ဘာပေါ်ရှိ ဆင်များအား
ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ် ၁၂ ရက် နေ့မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့သည်။
ဆင်စာကျွေးခြင်းကို ဆင်စခန်းရှိ စခန်းတာဝန်ခံ၊
ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များ ဦးဆောင်ကာ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် ဥတ္တရသီရိမြို့နယ်
ငလိုက်စခန်းသာဆင်စခန်းနှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝင်္ဂဘော်ကျေးရွာအနီး
ဖွင့်လှစ်ထားသည့် ဝင်္ဂဘော်ဆင်စခန်း တို့တွင်လည်း ကျင်းပခဲ့သည်။
ထို့ပြင် ဆင်များနှင့်အတူ ဘောလုံးကစားခြင်း၊
ရေကစားခြင်း၊ ဆင်များကို တောတောင်အတွင်း လွှတ်ကျောင်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း
သိရသည်။
ဒီပါလင်း

No comments