ဒလမြို့နယ်၌ ပြည်သူ့စကားဝိုင်းပြုလုပ်
ဒလ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့်
ပူးပေါင်း၍ ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက
ဒလမြို့နယ် ရခိုင်ချောင်(တ)ကျေးရွာရှိ ဓမ္မာရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးတင်မြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းတို့က အမှာစကားများ
ပြောကြားကြသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ဒေါက်တာ ဝင်းနိုင်ထွန်းက ကာကွယ်ဆေးထိုးနှံခြင်း၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းလှိုင်က
ငါးလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ
ဦးအောင်နိုင်မိုးက စပါးမျိုးထုတ်လုပ်ခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ
(မြို့ပြ) ဦးဇော်လေးထွန်းက ကျေးလက်လမ်း၊ တံတားများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်
အစီအစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံချောချောခင်က
မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ပေးခြင်း
စီမံကိန်းတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments