ပန်းဘဲတန်းမျက်မှန်သမဝါယမအသင်းအမှုဆောင် ရွေးချယ်

 


ရန်ကုန် ဩဂုတ် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ပန်းဘဲတန်းမျက်မှန် သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို ဩဂုတ် ၁၁ ရက်က ပန်းဘဲတန်းသမဝါယမ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေအရ အမှုဆောင် တင်မြှောက်ရာတွင် ရွေးချယ်ပုံနည်းစနစ်၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အမှုဆောင်တစ်ဦးက အဆိုပြုတင်သွင်းကာ အသင်းသား တစ်ဦးက ထောက်ခံတင်ပြ၍ အသင်းသားများက သဘောတူညီကြသည့်အတွက် အမှုဆောင်အဖွဲ့ဝင်များက မြို့နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်၏ ရှေ့မှောက်တွင် ကတိသစ္စာ ခံယူကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.