အင်္ဂပူမြို့နယ်၌ မိုးစပါးစိုက်အသင်းသားများအား သွင်းအားစုများ ပေးအပ်

 


အင်္ဂပူ ဩဂုတ် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ရွှေတောင်စု(စံပြ)ကျေးရွာတွင် ယမန်နေ့က ရွှေလဝန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း မိုးစပါးစိုက်အသင်းသားများအား သွင်းအားစုများ ပေးအပ်သည်။

 

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သွင်းအားစုများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သမအသင်းသားတောင်သူများထံ သွင်းအားစုများ ပေးအပ်သည်။

 

ထို့နောက် အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနက တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေမှ အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် နဝမအကြိမ် ရွှေလဝန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း မိုးစပါးစိုက်ပျိုးသော အသင်းသားတောင်သူ ၂၂ ဦး၏ စိုက်ဧက ၄၄ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၂၁၀၀၀၀ နှင့် ညီမျှသည့် ပုလဲဓာတ်မြေသြဇာ ၄၄ အိတ်၊ ကွန်ပေါင်း ၁၅ ပတ်လည် ၂၂ အိတ် စုစုပေါင်း သွင်းအားစုတန်ဖိုးငွေကျပ် ၉၂၄၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)

No comments

Powered by Blogger.