မြောက်ဥက္ကလာပမြို့နယ်၌ ထိုက်သူပန်ရောင်းဝယ်ရေး သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး
ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ထိုက်သူပန် ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲကို ဩဂုတ် ၂၂ ရက်က (ဌ)ရပ်ကွက် ခေမာကျောင်းလမ်း ဓမ္မမာမကဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်းများ အနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင် ရွေးချယ် တင်မြှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသူ ဒေါ်ဝင်းနေဖြိုးက ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်များ ရယူကာ အမှုဆောင်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments