ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
လွိုင်ကော် ဩဂုတ် ၂၅
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ကယားပြည်နယ် သတ္တုတွင်းစီမံကိန်းရုံး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၅၀ x ၇၀)ပေ RC တစ်ထပ် ရုံးအဆောက်အအုံသစ် တည်ဆောက်ခြင်း၊ (၆၉၀ x ၁၅ )ပေ ရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ သတ္တုသိုလှောင်ရုံ၊ စတိုသိုလှောင်ရုံနှင့် ဝန်ထမ်း အိမ်ရာများ အကြီးစားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ဘာဒို ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း အရှည် ၃၆၈၅ ပေအား မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း နှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာ တွင် အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန် မှာကြားသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ဒေါဥခူရပ်ကွက် ငုရွှေဝါလမ်း အရှည် ၁၇၀၆ ပေ၊ အကျယ် သုံးပေခွဲ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments